Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 73 — Surah Yunus 10:73
သို့ပါလျက် (တမန်တော်နူးဟ်၏လူမျိုးအများစုသည်) သူ့အား မဟုတ်မတရားလိမ်လည်စွပ်စွဲ၍ ငြင်းဆန် ခဲ့ကြရာ ငါအရှင်မြတ်သည် (တမန်တော်) နူးဟ်အားလည်းကောင်း၊ သူနှင့်အတူ သင်္ဘောတွင် လိုက်ပါလာသူတို့ အားလည်းကောင်း၊ (ရေဘေးမှ) ကယ်တော်မူပြီး သူတို့ကို (နယ်ပယ်ဒေသ၏စီမံအုပ်ချုပ်ရေးအတွက်) ဆက်ခံသူများအဖြစ် စီမံဖြစ်ပေါ်စေတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များအား မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသူများကိုလည်း နစ်မြုပ်စေတော်မူခဲ့၏။ သို့ဖြစ်ပေရာ၊ သတိပေးနှိုးဆော်ခြင်း ခံခဲ့ရသူတို့၏နောက်ဆုံးအကျိုးဆက် (ဇာတ်သိမ်းခန်း) မည်သို့ ရှိခဲ့ကြောင်းကို တွေးတောဆင်ခြင် သုံးသပ်ကြည့်ကြလော့။