Verse 81 — Surah Yunus 10:81

သူတို့သည် (ပစ်ချလိုသော အရာများကို) ပစ်ချကြလေသောအခါ တမန်တော်မူဆာက “သင်တို့ ယူဆောင် လာခဲ့သမျှသည် မှော်ပယောဂအတတ်သာ ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ယင်း (မှော်ပယောဂအတတ်) ကို အချည်းနှီးနှင့်တရားမဝင်သောအရာ ဖြစ်ကြောင်း မကြာမီ သက်သေပြတော်မူလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ဖောက် ဖျက်၍ အာခံဖီဆန်သူတို့၏ပြုမူဆောင်ရွက်ချက်များကို မှန်ကန်ပြီး တရားဝင်သော အရာများအဖြစ် မည်သည့်အခါမျှ ပြုပြင်ပြောင်းလဲစေတော်မူမည် မဟုတ်ချေ။” ဟု ဟောကြားခဲ့၏။