Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 83 — Surah Yunus 10:83
(သူတို့၏ဩဇာအာဏာနှင့်ဓနစည်းစိမ်လက်လွတ်ခံရမည်ကို စိုးရိမ်နေကြသော) ဖါရိုမင်းဆက်နှင့်မှူးမတ် အကြီးအကဲတို့၏ညှင်းပန်းနှိပ်စက်မှုအန္တရာယ်ကို ကြောက်ရွံ့နေရသည့်အတွက် သူ့လူမျိုးများအနက် လူငယ်မျိုးဆက်တစ်ခုမှအပ (အခြားသူတို့က တမန်တော်) မူဆာအား ယုံကြည်လက်ခံကြခြင်း မရှိချေ။ ဧကန်ပင်၊ ဖါရိုမင်း ဆက်သည် မြေကမ္ဘာ၌ နိုင်လိုမင်းထက်ပြုသော အာဏာရှင်ဖြစ်ပြီး မုချပင်၊ သူသည် အရှင့်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်လျက် (ပြည်သူ့အခွင့်အရေးကို) အလွဲသုံးစားပြုသူပင် ဖြစ်၏။