Verse 84 — Surah Yunus 10:84

(တမန်တော်) မူဆာက “အို၊ ကျွန်ုပ်တို့၏လူမျိုးတို့၊ အကယ်၍ သင်တို့သည် ယုံကြည်သူများ (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များဖြစ်လိုကြလျှင် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ခြင်းနှင့်အတူ အရှင့် (စည်းမျဉ်းတော်များ) အပေါ်တွင်လည်း ယုံကြည်ကိုးစား၍ လွှဲအပ်ကြလော့။” ဟု ဟောပြောခဲ့၏။