Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 10 - Yunus
Translation by Alin U Yin — Permalink
Verse 88 — Surah Yunus 10:88
(ထိုစဉ် တမန်တော်) မူဆာက “အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသော အရှင်မြတ်၊ ဧကန်ပင်၊ အရှင်မြတ်သည် ဖါရိုမင်းဆက်နှင့် မှူးမတ်အကြီးအကဲတို့အား ဤလောကီဘဝ၌ ခံ့ညားထည်ဝါမှုနှင့်ဥစ္စာဓနပိုင်ဆိုင်မှုများ ပေးထားတော်မူခဲ့၏။ သို့ဖြစ်ရာ အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ သူတို့သည် (လူတို့အား) အသင်အရှင် မြတ်၏လမ်းစဉ်တော်မှ လမ်းမှားသို့ရောက်စေရန် ဦးဆောင်နေကြ၏။ အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ သူတို့၏ဥစ္စာဓနပိုင် ဆိုင်မှုများကို မှေးမှိန်ပျက်သုဉ်းစေတော်မူပြီး သူတို့သည် ပြင်းပြနာကျင်ဖွယ်ရာစူးနစ်သော ပြစ်ဒဏ်များကို မျက်ဝါးထင်ထင် မတွေ့မြင်သမျှ ကာလပတ်လုံး သက်ဝင်ယုံကြည်ကြမည် မဟုတ်သောကြောင့် သူတို့၏စိတ်နှလုံးများကိုလည်း ခက်ထန်မာကျောစေတော်မူပါ။” ဟု (အရှင့်ထံလျှောက်တင်) ပန်ကြားခဲ့၏။