Verse 9 — Surah Yunus 10:9

ဧကန်ပင်၊ သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောလုပ်ရပ်များ ပြုမူကျင့်ကြံသူများကို သူတို့အား ဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သူတို့၏ယုံကြည်မှုဆိုင်ရာ သီလကြောင့် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေ၍ သုခချမ်းသာမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသော သုခဥယျာဉ်ထဲတွင် (နေထိုင်ခွင့်ရရန်) လမ်းညွှန်တော်မူလိမ့်မည်။