Verse 92 — Surah Yunus 10:92

သို့ဖြစ်ပေရာ (မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေ၌ ယုံကြည်လာခြင်းသည် နောင်တမလွန်အတွက် မည်သို့မျှ အကျိုးမရှိသော်လည်း လောကီအကျိုးဆက်အဖြစ်) ယနေ့တွင် ငါအရှင်မြတ်သည် အသင် (ဖါရို) ရုပ်ကလပ်ကို အသင့်နောက်ပိုင်းတွင် (ဆက်ခံသူများအဖြစ် ရောက်ရှိလာမည့်) နောင်မျိုးဆက်များအတွက် သက်သေလက္ခဏာဖြစ်စေရန်အလို့ငှာ ကယ်ဆယ်ထားတော်မူ၏။ သို့ရာတွင် ဧကန်ပင်၊ လူသားတို့အနက်မှ အများစုသည် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို အမှန်ပင် အလေးမထားဘဲ (ယင်းတို့၌ ဘဝအတွက် သင်ခန်းစာနှင့်သတိပေးချက်များ ပြည့်နှက်နေကြောင်းကို မသိနားမလည်ဘဲ) လျစ်လျူရှုထားကြ၏။