Verse 93 — Surah Yunus 10:93

ထို့ပြင် ဧကန်မုချ၊ ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့အား ကောင်းမွန်သင့်မြတ်သော အခြေချနေ ထိုင်ရာနယ်သစ်တွင် အတည်တကျနေထိုင်နိုင်ရန် နေရာချပေးတော်မူပြီး သန့်ရှင်းကောင်းမွန်သော (ကျန်းမာရေးနှင့်လည်းညီညွတ်သော) အရာများအနက်မှ စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို စီစဉ်ဖြည့်ဆည်းပေးတော်မူခဲ့သော်လည်း (သူတို့လိုက်နာရမည့် လမ်းစဉ်နှင့်ပြုမူဆောင်ရွက်မှုများအတွက် ကြုံတွေ့ရမည့် အကျိုးဆက် များဆိုင်ရာ) အသိပညာသည် သူတို့ထံ ရောက်ရှိလာသည့်အချိန်အထိ သူတို့အချင်းချင်းကြားတွင် သဘောထား ကွဲလွဲခဲ့ကြ၏။ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် သူတို့အချင်းချင်းကြားတွင် သဘောထားချင်း မတိုက်ဆိုင်၍ ကွဲလွဲနေခဲ့ကြသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ (သူတို့ထဲမှ ကောင်းမှုပြုသူအား ဆုလဒ်နှင့်မကောင်းမှုပြုသူအား ပြစ်ဒဏ်ပေးရန်အတွက်) တမလွန်၌ ရှင်ပြန်ထမြောက်မည့်နေ့တွင် အပြီးသတ် စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။