Back to Languages

Burmese - Chapter 109 - Al-Kafirun

Translation by Alin U Yin — Permalink

Verse 1 — Surah Al-Kafirun 109:1

(အို၊ ရစူလ်တမန်တော်၊ ခေါင်းမာမာဖြင့် အမှန်တရားသစ္စာကို ငြင်းပယ်နေသူတို့အား) “အို၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) အပေါင်းတို့။“ဟု ဟောလော့။

Verse 2 — Surah Al-Kafirun 109:2

ကျွန်ုပ်သည် အသင်တို့ အယူထား ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို မကိုးကွယ်ချေ။

Verse 3 — Surah Al-Kafirun 109:3

ထို့ပြင် သင်တို့သည်လည်း ကျွန်ုပ်က ယုံကြည်ကိုးကွယ်လျက်ရှိသည်ကို မကိုးကွယ်ကြချေ။

Verse 4 — Surah Al-Kafirun 109:4

ထို့ပြင် ကျွန်ုပ်သည် အသင်တို့က အယူထား ကိုးကွယ်နေကြသော ကိုးကွယ်ရာများကို ကိုးကွယ်မည့်သူ မဟုတ်ပေ။

Verse 5 — Surah Al-Kafirun 109:5

ထိုနည်းတူစွာ သင်တို့သည်လည်း ကျွန်ုပ်က ယုံကြည်ကိုးကွယ်နေသည်ကို နာခံကိုးကွယ်ကြမည့်သူများ မဟုတ်ပေ။

Verse 6 — Surah Al-Kafirun 109:6

(စင်စစ်မှာကား) သင်တို့အတွက် သင်တို့၏ဘာသာသာသနာဆိုင်ရာလမ်းစဉ်ရှိပြီး ကျွန်ုပ်အတွက်လည်း ကျွန်ုပ်၏ဒီန် (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်း စဉ်) ရှိနေ၏။