Verse 1 — Surah Hud 11:1

အလိဖ်၊ လာမ်၊ ရာ။ ဤကျမ်းတော်သည် (အကြောင်းကိစ္စရပ်ဟူသမျှကို စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် (အရာရာကို စီစဉ်ကျနစွာဖြင့် စနစ်တကျဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်) နှင့်အရာခပ်သိမ်း၏အနုစိတ် အချက်အလက်များကို အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်၏ထံတော်မှ (ဒွိဟသံသယနှင့်ကွဲလွဲမှု လုံးဝ ကင်းရှင်းပြီး ပယ်ဖျက်ပြောင်းလဲခွင့် မပေးထားဘဲ) စနစ်တကျ မြဲမြံခိုင်ခံ့အောင် ဥပဒေအဖြစ် ပြဋ္ဌာန်းတော်မူပြီးနောက် အသေးစိတ် ရှင်းလင်းတင်ပြစေတော်မူသော အာယာသ်သက်သေလက္ခဏာတော်များ ဖြစ်သည်။