Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 10 — Surah Hud 11:10
တစ်ဖန် အကယ်၍ ငါအရှင်မြတ်သည် ယင်း (လူသား) အား သူ့ကို ထိတွေ့ဆိုက်ရောက်လာသော ဘေးဒုက္ခ၊ အန္တရာယ်အခက်အခဲများနောက်တွင် လွယ်ကူမှုနှင့်အလျှံပယ် ချီးမြှင့်ပေးသနားတော်မူခြင်းဖြင့် သိက္ခာပေးမှုကို မြည်းစမ်းစေတော်မူသောအခါ သူက (ထိုဘေးဒုက္ခအားလုံးကို သူ့စွမ်းရည်နှင့်ကျွမ်းကျင်မှုဖြင့် ဖယ်ရှားနိုင်သကဲ့ သို့) အလွန်ဆိုးဝါးသော ဘေးဒုက္ခအကုသိုလ်များ ကျွန်ုပ်ထံမှ ထွက်သွားခဲ့ပြီ မုချ ပြောလိမ့်မည်။ ဧကန်ပင်၊ သူသည် အချည်းနှီးသော ပျော်ရွှင်မြူးတူးခြင်းဘက်အားသန်သူနှင့်သူ့ကိုယ်ကို အမွှမ်းတင်သော ဘဝင်မြင့်ဝင့်ကြွားသူ ဖြစ်လာ၏။