Verse 100 — Surah Hud 11:100

ထိုသို့ပင် ငါအရှင်မြတ်သည် အသင်(တမန်တော်မြတ်)အား (ယခင်က အရေးယူတော်မူခဲ့သည့်) မြို့ရွာဒေ သတချို့ (၏အကြောင်းအရာ၊ အဖြစ်အပျက်၊ သမိုင်းအကြောင်း) သတင်းအချက်အလက်များအနက်မှ (အချို့ကိုသာ) တင်ပြစေတော်မူခြင်း ဖြစ်၏။ ထို (အဖြစ်အပျက်များနှင့်သက်ဆိုင်သော သမိုင်းဝင် အဆောက်အအုံများနှင့်အကြောင်း) အရာများအနက်မှ (အချို့သည် ယနေ့တိုင် ထူထူထောင်ထောင်) တည်မြဲနေသော်လည်း (အချို့မှာမူ သဲလွန်စရှာရခက်သည်အထိ လုံးလုံးလျားလျား) ပျက်သုဉ်းပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။