Verse 101 — Surah Hud 11:101

ငါအရှင်မြတ်သည် သူတို့အား မည်သည့်အခါမျှ မတော်မတရားပြုတော်မမူသော်လည်း သူတို့သည် သူတို့၏ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ သူတို့၏အလိုရမ္မက်နှင့်အညီ အသုံးချ၍ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်လျက် မဟုတ်မတရား မမှန်မကန်ပြုလုပ်ခြင်းဖြင့် သူတို့ကိုယ်သူတို့သာ မတော်မတရားလုပ်ခြင်းပင် ဖြစ်၏။ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်၏စီမံချက်အမိန့်တော် ရောက်ရှိစေတော်မူသည့်အခါ အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူတို့မှ (အားကိုးတကြီး ကိုးကွယ်ဆည်းကပ်ကြသော) ကိုးကွယ်ရာများအပြင် အခြားမည်သည့်အရာကမျှ (သူတို့အတွက်) အသုံးဝင် အရာရောက်လိမ့်မည် မဟုတ်ပေ။ သူတို့သည် ဆုတ်ယုတ်နစ်နာ၊ ဆုံးရှုံးပျက်စီးမှုမကင်းသောအရာမှလွဲ၍ (အခြား မည်သည့်ကောင်းရာကောင်းကြောင်းကိုမျှ) တိုးပွားစေနိုင်မည် မဟုတ်ပေ။