Verse 105 — Surah Hud 11:105

ထိုနေ့ (ထိုအချိန်ကာလ) ဆိုက်ရောက်လာသည့်အခါ ထိုအရှင်မြတ်ခွင့်ပြုချက် (ရရှိထားသူ) မှအပ မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်)ပိုင်ရှင်မျှ စကားပြောခွင့်ရှိလိမ့်မည် မဟုတ်သောကြောင့် သူတို့အနက်မှ (အချို့သည်) စိတ်ပျက်လက်ပျက် (ဖြစ်ကြပြီး အချို့မှာမူ) ပျော်ရွှင်မြူးတူး (ဖြစ်ကြလိမ့်မည်။)