Verse 108 — Surah Hud 11:108

ထိုပျော်ရွှင်မြူးတူးနေကြသူတို့အနေဖြင့် သုခဥယျာဉ်ထဲတွင်ရှိကြလျက် သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ ဆန္ဒတော်နှင့်အညီ အလိုရှိတော်မူသည့် အချိန်ကာလမှအပ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အဓွန့်ရှည့်တည်တံ့သရွေ့ (ဟူသည့် အာရဗီစကားပုံ၏အဓိပ္ပါယ်ဖြစ်သော) အစဉ်ကာလအကန့်အသတ်မဲ့ ထိုသုခဥယျာဉ်ထဲ၌ပင် နေထိုင်စံမြန်းကြလိမ့်မည်။ (ယင်းသည်) အဆက်မပြတ် ရပ်စဲစေခြင်းမရှိသော အရှင်မြတ်ချီးမြှင့်တော်မူသည့် လက်ဆောင်တော်ပင်ဖြစ်၏။