Verse 109 — Surah Hud 11:109

သို့ဖြစ်ပေရာ ဤသူတို့သည် သူတို့မတိုင်မီရှိခဲ့ကြသော သူတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်များကိုးကွယ်ခဲ့ ကြသကဲ့သို့ (မိရိုးဖလားရုပ်တုကိုးကွယ်မှုနှင့်အခြားအရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အရာများကို) ကိုးကွယ်နေခြင်းမှအပ (အခြားမည်သည်ကိုမျှ) ကိုးကွယ်ကြသည် မဟုတ်သဖြင့် (သူတို့၏) ကိုးကွယ်သမျှ၌ ဇဝေဇဝါမဖြစ်ကြလေနှင့်။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့၏ (ရသင့်ရထိုက်သော လောကီခံစားခွင့်နှင့်) ဝေစုဝေပုံများ ပြတ်တောက်လျော့နည်းခြင်း မရှိစေဘဲ အပြည့်အဝပေးတော်မူမည်။