Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 110 — Surah Hud 11:110
ငါအရှင်မြတ်သည် (တမန်တော်) မူဆာအား ကျမ်းတော်ကို မုချပင် ပေးအပ်တော်မူခဲ့ရာ ယင်းနှင့်စပ် လျဉ်း၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့၏။ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံမှ သူတို့အချင်းချင်းကြားတွင် (သဘောထားကွဲလွဲနေသည်များကို ပြတ်ပြတ်သားသား ဖြေရှင်းပေးနိုင်မည့်) ရှေ့ပြေးပဏာမ အမိန့်ဗျာဒိတ်တော်တစ်ခုကို အမှန်ပင် စီရင်ဆုံးဖြတ် ချက်အဖြစ် ပြဋ္ဌာန်းတော်မမူခဲ့လျှင် ဧကန်ပင်၊ သူတို့သည် ထို (ကျမ်းတော်) နှင့်ပတ်သက်၍ ဇဝေဇဝါဖြစ်လျက် တွေဝေနေခြင်းဖြင့် ယင်း၌ မုချပင် ဒွိဟသံသယ ရှိခဲ့ကြမည်။