Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 112 — Surah Hud 11:112
သို့ဖြစ်ပေရာ အသင်သည် (ကိစ္စရပ်ဟူသမျှအတွက်) အမိန့်ပေးညွှန်ကြားခြင်း ခံရသည့်အတိုင်းပင် (ဖြောင့်မတ်တည်ကြည်စွာနှင့်အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်) လိုက်နာရပ်တည်ပြီး (ယခင်အမှားများကို ဝန်ချ တောင်းပန်၍) အရှင့်လမ်းစဉ်တော်ဘက်သို့ ဦးတည်လှည့်ကြလျက် အသင်နှင့်အတူရှိနေကြသူတို့ကိုလည်း (ထိုသို့ပင် လိုက်နာရပ်တည်) စေလော့။ သို့သော် အရှင့်စည်းမျဉ်းဘောင်များကို မကျူးလွန် မချိုးဖောက်ကြ လေနှင့်။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင် ဖြစ်တော်မူ၏။