Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 114 — Surah Hud 11:114
နေ့၏အစွန်းနှစ်ခု (ဖြစ်သော (ဇူဟူရ်) မွန်းတည့်ချိန်နှင့် (အဆွာရ်) ညနေချိန်တို့) ၌လည်းကောင်း၊ ည၏အနီးတဝိုက် (ဖြစ်သော (မဂ်ရီဗ်) နေဝင်ပြီးခါစအချိန် (အေရှာ) ည၏အစပိုင်းနှင့် (ဖဂျရ်) အရုဏ်မတက်မီ အချိန်တို့၌လည်းကောင်း၊ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရှင့်ကို သိစိတ်မြဲမြံစွာ ဖြင့်) ဆောက်တည်ကြလော့။ မုချဧကန်၊ ကောင်းမှုသုစရိုက်များသည် မကောင်းမှုဒုစရိုက်များကို သုတ်သင်ဖယ်ရှားစေ၏။ ထို (ကျမ်းတော်) သည် (အရှင့်နိယာမတရားများကို အလေးအနက်ဆင်ခြင်လျက် အရှင်မြတ်အား) သတိရ တသ၍ ဖွင့်ဟပြောဆိုကြသူတို့အတွက် (အကြံဉာဏ်နှင့်သတိပေးနှိုးဆော်စာများပါဝင်သည့်) သတိရ တသစရာပင် ဖြစ်၏။