Verse 115 — Surah Hud 11:115

ထို့ပြင် (မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်ရာတွင်လည်း ဖိနှိပ်ချုပ်ချယ်မှုကို ရင်ဆိုင်တော်လှန်ရာ၌လည်းကောင်း၊ ကောင်းမှုသုစရိုက်များ ပြုကျင့်ရာ၌လည်းကောင်း၊ ဇွဲလုံ့လဝီရိယမြဲမြံစွာဖြင့်) သည်းခံကြံ့ခိုင်မှုရှိ ကြလော့။ (အကြောင်းမှာ) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်မဲန် (ခေါ် လုပ်ရပ်တာဝန်ယူသမျှအား အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်းကို နှလုံးသွင်းလျက် အကောင်းဆုံးဖြစ်အောင် စိတ်စေတနာဖြူ စင်စွာဖြင့် ပြုကျင့်ကြသူ) များ၏အကျိုးကို (မည်သည့်အခါမျှ) အချည်းနှီး ဆုံးရှုံးစေတော်မူမည် မဟုတ်ချေ။