Verse 116 — Surah Hud 11:116

(အလိုလေး၊ အလွန်ဝမ်းနည်းဖွယ်ကောင်းလှ၏။) အကယ်၍ သင်တို့မတိုင်မီ လွန်လေခဲ့ပြီးဖြစ်သော မျိုးဆက်များအနက်မှ (အချို့သည် အရှင်မြတ်သတိပေးတော်မူသည့်အတိုင်း) ကမ္ဘာပေါ်တွင် မတည်မငြိမ်မှုများနှင့်အဖျက်အမှောင့်ပြုခြင်းတို့မှ တားမြစ်ခဲ့လျှင် (အရှင်မြတ်ပေးအပ်တော်မူသော ယုံကြည်မှု၊ အမှန်တရားသစ္စာ၊ ဉာဏ်ပညာ၊ စွမ်းရည်၊ စွမ်းအင်၊ ကောင်းမှုကုသိုလ်၊ ကိုယ်ကျင့်တရားများ၊ ဘဝ၏အနှစ် သာရနှင့်ပန်းတိုင်၊ မြေ ပေါ်မြေအောက်သယံဇာတများစသည်တို့ကို လက်ဆင့်ကမ်းသယ်ဆောင်လျက်) ရေရှည်တည်တံ့စေမည့် (သူ တော်စင်၊ သူတော်ကောင်းများ၊ အတတ်ပညာရှင်စသော) စွမ်းရည်များ (လည်းများစွာ ကျန်ရစ်လျက်) ရှိခဲ့ လိမ့်မည်။ သို့သော် (အများစုက ထိုသို့မတားမြစ်ခဲ့ခြင်းကြောင့်) ငါအရှင်မြတ်သည် သူတို့အနက်မှ လူနည်းစုကိုသာ ကယ်တင်တော်မူခဲ့၏။ (အများစုမှာမူ) ထို (မြေကမ္ဘာ) ၌ ငါအရှင်မြတ်ပေးအပ်တော်မူထားသော (စွမ်းရည်၊ စွမ်းအင်၊ သယံဇာတ၊ ဉာဏ်ပညာ၊ လမ်းညွှန်တော်၊ ယုံကြည်မှုသစ္စာတရားစသည့်) အရာများနောက်ကိုသာ လိုက်ကြလျက် (ထိုစွမ်းရည်များနှင့်သက်ဆိုင်သည့်) အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား၊ မမှန်မကန် ပြုမူကျင့်ကြံခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်လာခဲ့ကြ၏။