Verse 118 — Surah Hud 11:118

အကယ်၍ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ဆန္ဒတော်ဆိုင်ရာ စည်းမျဉ်းနှင့်အညီ အလိုရှိတော်မူလျှင် လူသားအားလုံးကို (လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်မပေးဘဲ တစ်ခုတည်းသော ဘာသာအယူဝါဒနှင့်ယုံကြည်မှုအပေါ် ရပ်တည်စေခြင်းဖြင့်) တစ်ခုတည်းသော လူ့ဘောင်အသိုင်းအဝိုင်းအဖြစ် မုချပင်၊ ဖြစ်ပေါ်စေတော်မူနိုင်၏။ သို့ရာတွင် (သူတို့၌ လွတ် လပ်စွာ ရွေးချယ်ဆုံး ဖြတ်ပိုင်ခွင့် ရှိကြသဖြင့် ကွဲပြားခြားနားသော လမ်းစဉ်များကို လိုက်နာခွင့်ရှိလျက်) သဘောထားကွဲလွဲမှု ဖြစ်စေခြင်းကို (မည်သည့်အခါမှ) ရပ်တန့်ကြလိမ့်မည်မဟုတ်ချေ။