Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 119 — Surah Hud 11:119
(သဘောထားကွဲလွဲမှုကို ရပ်တန့်စေမည့်သူတို့မှာ) သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကရုဏာတော်(ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်နှင့်ဖြောင့်မတ်မှန် ကန်သော လမ်းစဉ်တော် ချီးမြှင့်ပေးအပ်တော်မူ၍ ကရုဏာ) သက်တော်မူသူများသာ ဖြစ်၏။ ထိုအတွက်ကြောင့်သာ သူတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့ပြီး သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏မုက္ခပါဌ်တော်၌ “ဧကန်ပင်၊ ငါအရှင်မြတ်သည် ငရဲဘုံကို လူသားနှင့်ဂျင်န်အားလုံးအနက်မှ (အရှင့်စည်းမျဉ်းတော်များအား ဖီဆန်ချိုးဖောက်လျက် ငရဲမီးနှင့်ထိုက်တန်သူများဖြင့်) ပြည့်နှက်စေမည်။"" ဟုလည်း” (စုံလင်စွာ) အပြီးသတ် ပြည့်စုံစေတော်မူ၏။