Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 12 — Surah Hud 11:12
“(ရွှေငွေ) ရတနာသိုက်ကို သူ့အပေါ်၌ အဘယ်ကြောင့် ချမှတ်ပေးအပ်စေခြင်း မရှိသနည်း။ သို့တည်းမဟုတ် မလာအီကာစေတမန်တစ်းပါးရောက်လာ၍ (ကျွန်ုပ်တို့ မြင်နိုင်အောင်) သူနှင့်အတူ အဘယ်ကြောင့် မရှိသနည်း။” ဟု စောဒကတက်ပြောဆိုလျက် ယင်းဖြင့် အသင် (တမန်တော်) ၏စိတ်နှလုံးကို ကျဉ်းကျပ်စေခြင်းကြောင့် သင့်ထံ ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချသမျှမှ (တမန်တော်ဖြစ်ခြင်းဆိုင်ရာ အမိန့်တော်) တချို့ကို အသင်က လက်လျှော့ကောင်း လက်လျှော့စေရန် ဖိအားပေးနေ၏။ အမှန်စင်စစ်၊ အသင်သည် (အရှင့်အမိန့် တော်အား လူသားအရောက်ပို့ချပေးသော) သတိပေးနှိုးဆော်သူတစ်ဦးသာ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည်သာ အရာခပ်သိမ်းတို့ကို (အရှင့်နိယာမတရားနှင့်စည်းမျဉ်းတော်များဖြင့် ထိန်းချုပ်လျက်) ပြုနိုင်စွမ်းရှိတော်မူသော အရှင်၊ ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။