Verse 123 — Surah Hud 11:123

မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အတွင်းရှိ မျက်ကွယ်ရာများကို အရှင်မြတ်ဖြစ်တည်စေတော်မူပြီး အရှင့်အချုပ်အခြာထဲ၌ ရှိသောကြောင့် အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်တော်မူသောအရာများဖြစ်ပြီး စီမံချက်အရေးကိစ္စဟူသမျှသည်လည်း (အရှင့်နိယာမတရားများနှင့်အညီ) အရှင်မြတ်ဘက်သို့သာ ဦးတည်ရောက်ရှိစေခြင်း ခံရလိမ့်မည်။ သို့ဖြစ်ပေရာ အရှင်မြတ်ပေါ်တွင်သာ (အရေးကိစ္စဟူသမျှအတွက်) ယုံကြည်ကိုးစား၍ ပုံအပ်ကြလော့။ အမှန်စင်စစ်၊ သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှအား သတိမမူဘဲ မေ့လျော့တော်မူမည့်အရှင်မြတ် မဟုတ်ချေ။