Verse 13 — Surah Hud 11:13

သို့တည်းမဟုတ် သူတို့က “(ကျမ်းတော်မြတ်ကုရ်အာန်အား အရှင်မြတ်ချမှတ်ပေးအပ်တော်မူခြင်းကို ငြင်းပယ်၍) ဤသည်ကို (တမန်တော်မုဟမ္မဒ်ဖြစ်) သူက လုပ်ကြံဖန်တီးခဲ့၏။” ဟု ပြောဆိုကြလိမ့်မည်။ (သူတို့အား) “အကယ်၍ သင်တို့သည် (မယုံကြည်မှုအတွက် ဆင်ခြေပေးရုံသက်သက်မဟုတ်ဘဲ သင်တို့၏စွပ်စွဲ ချက်များနှင့်အတူ) ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်မှအပ (သင်တို့၏ပညာရှင်များ၊ ကိုးကွယ်ရာများနှင့်နည်းပညာများစသော အကူအညီအတွက်) တတ်စွမ်းနိုင်မည့်သူဟူသမျှကို ဖိတ်ခေါ်ပြီး (ဤ ကျမ်းတော်ပါ အာယာသ်တော်များ၌ စကားလုံးပြောင်မြောက်လေးနက်မှု၊ အဓိပ္ပါယ်ပြည့်စုံမှုနှင့််အမှန်တရား သစ္စာ ပေါ် အခြေခံမှုရှိသကဲ့သို့) ယင်းနှင့်တူသောလုပ်ကြံဖန်တီးထားသည့် စူရဟ်ကဏ္ဍဆယ်ခုကို ဖန်တီး၍ ယူဆောင်လာကြလော့။” ဟု တောင်းဆိုဟောပြောလော့။