Verse 14 — Surah Hud 11:14

အကယ်၍ (အကူအညီအတွက်အားကိုးတကြီး ဖိတ်ခေါ်ခဲ့ကြသော သင်တို့၏ကိုးကွယ်ရာများနှင့် ပညာရှင်ဖြစ်) သူတို့သည် သင်တို့ (၏တောင်းဆိုမှု) အတွက် ဖြေကြားဖြည့်ဆည်းနိုင်ခြင်း မရှိကြလျှင် (သင်တို့နှလုံးသွင်းသည့်သည်မှာ) ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) သည် အလ္လာဟ်အရှင်မြတ်၏ဉာဏ်တော်အနန္တဖြင့် (အမှန်တရားသစ္စာပေါ်အခြေခံ၍) ချမှတ်ပေးအပ်တော်မူခြင်းခံရသော ကျမ်းဖြစ်ကြောင်းနှင့်ထိုအရှင်မြတ်မှအပ အခြား ကိုးကွယ်ဆည်းကပ်ထိုက်သောအရှင်ဟူ၍ အလျှင်း မရှိကြောင်းပင် ဖြစ်၏။ သို့ဖြစ်ပေရာ သင်တို့သည် (ကိုယ်စိတ် နှလုံးကို အရှင့်ထံအပ်နှံလျက် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များ ဖြစ်ကြမည်လော။