Verse 15 — Surah Hud 11:15

မည်သူမဆို ဤလောကီဘဝသက်တမ်းနှင့် (ယင်း၌ရရှိခံစားမည့် စည်းစိမ်ချမ်းသာဂုဏ်ပကာသနစသော) လောကီလှပတင့်တယ်မှုများကိုသာ ရည်ရွယ်လိုလားကြလျှင် ငါအရှင်မြတ်သည် သူတို့ပြုမူကျင့်ကြံခြင်းအတွက် သူတို့အား ယင်း (လောကီဘဝ) ၌ပင် (ဆုလဒ်၊ အကျိုးအမြတ်နှင့်ခံစားခွင့်များကို) အပြည်အဝပေးတော်မူမည်။ ထို့ပြင် သူတို့သည် ယင်း၌ (မျှတသော မည်သည့်အကျိုးခံစားခွင့်ကိုမျှလက်မဲ့မဖြစ်စေရန်) လျော့ပေါ့ခြင်းခံရမည်လည်း မဟုတ်ပေ။