Verse 16 — Surah Hud 11:16

ထိုသူတို့သည် တမလွန်ဘဝ၌ သူတို့အတွက် ငရဲမီးမှအပ (အခြားမည်သည့် အကျိုးခံစားခွင့်မျှ) ရှိလိမ့်မည် မဟုတ်ပေ။ လောကီဘဝ၌ သူတို့အားထုတ်၍ ပြုလုပ်ဖန်တီးခဲ့သမျှ အချည်းနှီး ဖြစ်ရုံသာမက သူတို့ပြုမူကျင့် ကြံခဲ့သမျှသည်လည်း (တမလွန်ဘဝ၌ မည်သည့်အကျိုးအမြတ် အသီးအပွင့်ကိုမျှ မရစေဘဲ) အကျိုးမဲ့သာ ဖြစ် လိမ့်မည်။