Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 17 — Surah Hud 11:17
သို့ဖြစ်ပေရာ အရှင့်ထံတော်မှဖြစ်သော သက်သေတစ်ဦး (တမန်တော်မုဟမ္မဒ်) သည် ထို (ကျမ်းတော်မြတ်ကုရ်အာန်) မတိုင်မီ ရှေ့ဆောင်လမ်းပြဖြစ်သော (တမန်တော်) မူဆာ၏ကျမ်းတော်နှင့်ကရုဏာတော်မှ (တိကျမှန်ကန်သောသတင်း) အချက်အလက်များလည်းပါရှိသော ထိုကျမ်းကို ရွတ်ပြပြီး သူ့အားဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ထံတော်မှဖြစ်သော ကွက်ကွက် ကွင်းကွင်း မြင်သာထင်ရှားသည့် ရှင်းလင်းချက်များ (နှင့်သက်သေအထောက်အထားများ) ပေါ်တွင် ရပ်တည်နိုင်သူထက် (သူနှင့်နှိုင်းယှဉ် နိုင်သူ အခြား) မည်သူ ရှိအံ့နည်း။ (တမန်တော်မြတ်နှင့်ယှဉ်ပြိုင်နိုင်သူမရှိကြောင်းကို နားလည်သဘောပေါက် ကြသောသူများရှိကြပြီး) ထိုသူတို့သည် ထို (ကျမ်းတော်) ၌ ယုံကြည်ကြ၏။ (လူမျိုး၊ မျိုးနွယ်စုနှင့်သာ အယူ ဝါဒမတူညီသော ကွဲပြားခြားနားသည့်) အုပ်စုအသီးသီးမှ မည်သူမဆို (ထိုကျမ်းတော်ကို သိနားလည် ပါလျက်) မယုံကြည်ဖီဆန်ငြင်းပယ်လျှင် ငရဲမီးသည် သူ၏ကတိပြုထားသောနေရာဌာန ဖြစ်လိမ့်မည်။ သို့ဖြစ်ပေရာ ထို (ကျမ်းတော်အရှင့်ထံတော်မှဖြစ်ကြောင်း) နှင့်ပတ်သက်၍ ဒွိဟသံသယ အလျှင်း မဖြစ်ကြလေနှင့်။ ဧကန်ပင်၊ ထိုကျမ်းတော်သည် သင့်အား ဖွဲ့စည်းဖြစ်တည်ပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ (ချမှတ်ပေးအပ် တော်မူသော) အမှန်တရားသစ္စာပင်ဖြစ်၏။ သို့ရာတွင် လူသားအများစုမှာ ယုံကြည်ကြသည် မဟုတ်ပေ။