Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 18 — Surah Hud 11:18
အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ မမှန်မကန်လုပ်ကြံဖန်တီး (ပြီး ယင်းအရှင့်ဂုဏ်တော်အား စွပ်စွဲရန် အသုံးချ) ကြသူတို့ထက် အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုလုပ်သူ မည်သူ ရှိမည်နည်။ ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်သို့ ခေါ်ဆောင်၍ တရားစွဲခြင်းခံရပြီး သက်သေများကလည်း “ဤပုဂ္ဂိုလ်များသည်ပင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်ဆန့်ကျင်၍ မမှန်မကန် လုပ်ကြံဖန်တီးလျက် စွပ်စွဲငြင်းဆိုခဲ့သူများဖြစ်ကြသည်။” ဟု သက်သေထွက်ဆိုလိမ့်မည်။ သတိပြုမှတ်သားကြလော့။ အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ချိုးဖောက်၍ မဟုတ်မတရား၊ မမှန်မကန်ပြုမူကျင့်ကြံသူတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏မေတ္တာကရုဏာတော်မှ ကင်းဝေးစေသည့် ကျိန်စာမိမည်ပင် ဖြစ်၏။