Verse 2 — Surah Hud 11:2

အလ္လာဟ်အရှင်မြတ်မှအပ (အခြားမည်သည့်သက်ရှိသက်မဲ့ကိုမျှ ကိုးကွယ်ရာအရှင်အဖြစ် လုပ်ကြံဖန်တီး၍) ကိုးကွယ်ဆည်းကပ်ခြင်း မပြုကြရန် (အတွက် ပြဋ္ဌာန်းတော်မူခြင်း ဖြစ်၏။ အို၊ ရစူလ်တမန်တော်) ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် (မကောင်းသောလုပ်ရပ်ဟူသမျှ၏ အကျိုးဆက်များနှင့်ပတ်သက်၍) သတိပေးနှိုး ဆော်သူနှင့် (ယုံကြည်ပြီးဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများကို ပြုကျင့်ကြသူအား ဆုလဒ်တော်ရှိကြောင်း) သတင်းကောင်းပါးသူ တစ်ဦးပင် ဖြစ်၏။