Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 20 — Surah Hud 11:20
ထိုသူတို့သည် မြေကမ္ဘာပေါ်၌ (အရှင့်ဆန္ဒတော်နှင့်အညီဖြစ်စေတော်မူသောအရာများဖြင့် မည်သည့်အခါ မျှ အာသာဖြေမည်မဟုတ်ဘဲ အရှင့်ပြစ်ဒဏ်များမှလည်း) မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်သည့်အပြင် သူတို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သည့် ကာကွယ်စောင့်ရှောက်သူမျှလည်း ရှိမည် မဟုတ်ပေ။ (နောင်တမလွန်ဘဝ၌လည်း) သူတို့အတွက် ပြစ်ဒဏ်နှစ်ဆရှိလိမ့်မည်။ (အရှင်မြတ်ချီးမြှင့်ပေးသနားတော်မူသော အကြားအမြင်စွမ်းရည်တို့ကို အမှန်တရားအတွက် အသုံးမချဘဲ အလွဲသုံးစား ပြုခြင်းကြောင့် အမှန်တရားသစ္စာအား) ကြားနိုင်စွမ်းရှိသူများ ဖြစ်ခဲ့လိမ့်မည်မဟုတ်။ မြင်နိုင်စွမ်းရှိသူများလည်း ဖြစ်ခဲ့ကြလိမ့် မည်မဟုတ်ပေ။