Verse 24 — Surah Hud 11:24

(အမှန်တရားသစ္စာကို) မယုံကြည်ငြင်းပယ်သူတို့၏ဥပမာသည်ကား မျက်မမြင်သူနှင့်နားမကြားသူတို့၏ (လူတန်းစား) အုပ်စုနှင့်မြင်နိုင်စွမ်း၊ ကြားနိုင်စွမ်းရှိကြသူတို့၏အုပ်စုကဲ့သို့ပင် အုပ်စုနှစ်ခု ကွဲပြား၏။ ထိုနှိုင်းယှဉ် ပြဥပမာနှစ်ခုသည် ထပ်တူထပ်မျှ တူညီသလော။ သင်တို့သည် (အမှန်တရားကို အရေးစိုက်၍ သစ္စာရှိစွာဖြင့်) သတိမမူကြသလော။