Verse 27 — Surah Hud 11:27

(ထိုသို့ ဟောပြောစဉ်) သူ့လူမျိုးအနက်မှ မယုံကြည်ဖီဆန်ငြင်းပယ်ကြသော အကြီးအကဲများက (သူ့အား) “ကျွန်ုပ်တို့ကဲ့သို့ သေမျိုးဖြစ်သော လူသားတစ်ဦးသာ ဖြစ်ခြင်းမှအပ (အခြားမည်သည့်ထူးခြားမှုကိုမျှ) အသင်၌ ကျွန်ုပ်တို့ တွေ့မြင်ကြသည် မဟုတ်ပေ။ ကျွန်ုပ်တို့အနက်မှ သဘောထားခံယူချက် မရင့်ကျက်သေးသော အနိမ့်ဆုံး (အောက်တန်းစား) ပုဂ္ဂိုလ်များမှအပ (အခြားမည်သူမျှ) သင့်ကို နာခံလိုက်နာနေကြခြင်း မတွေ့ရပေ။ (သင်တို့ အကျိုးအတွက်သာဖြစ်ပြီး ကျွန်ုပ်တို့အပေါ် မည်သည့်အကျိုးကျေးဇူးမျှမပြုနိုင်သော) သင်တို့၌ ကျွန်ုပ်တို့ ထက် သာသော မည်သည့်ဂုဏ်အရည်အချင်းကိုမျှမတွေ့ရပေ။ အမှန်မှာ ကျွန်ုပ်တို့သည် သင်တို့ကို လူလိမ်လူညာများ"" ဟုသာ ထင်မြင်ယူဆကြ၏။” ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။