Verse 29 — Surah Hud 11:29

အို၊ ကျွန်ုပ်တို့၏လူမျိုးတို့၊ ကျွန်ုပ်သည် သင်တို့ထံမှ ထို (အရှင့်အမိန့်ဗျာဒိတ်တော်များနှင့်ပတ်သက်၍ အကြံပေးတိုက်တွန်းနှိုးဆော်မှု)အတွက် မည်သည့် ဥစ္စာဓန (အခကြေးငွေ) ကိုမျှ တောင်းဆိုနေသည် မဟုတ်ပေ။ ကျွန်ုပ်၏အကျိုးဆုလဒ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ မူတည်နေ၏။ ကျွန်ုပ်သည် ယုံကြည်သူတို့ကို (သူတို့အားအသားအရောင်၊ လူမျိုး၊ အဆင့်အတန်း၊ ဆင်းရဲချမ်းသာဟူ၍ ခွဲခြားဆက်ဆံခြင်းမပြုဘဲ အားလုံးကို မျှတစွာဖြင့်သာ ဆက်ဆံကြပြီး) မည်သူ့ကိုမျှ စွန့်ပယ်နှင်ထုတ်ခြင်းမရှိပေ။ သို့သော်လည်း ကျွန်ုပ်တို့သည် သင်တို့အား (မည်သည့် အရှိတရားနှင့်အမှန်တရားကိုမျှ လက်မခံဘဲ) ပညာမဲ့ဆန်ဆန် ပြုမူကျင့်ကြံကြသည့် လူမျိုးဖြစ်နေကြောင်း မြင်တွေ့ရ၏။