Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 3 — Surah Hud 11:3
သို့ဖြစ်ပေရာ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ (မကောင်းမှုဒုစရိုက်ဟူသမျှမှ ရှောင်ကြဉ်ခြင်းဖြင့်) လွတ်ငြိမ်းချမ်းသာခွင့်ရရန် ပန်ကြားပြီး (ကောင်းမှုကုသိုလ်များကို မြဲမြံစွာပြုကျင့်၍ လုပ်မိခဲ့သော အမှားများအတွက် ဝန်ချတောင်းပန်ခြင်းဖြင့်) အရှင်မြတ်ဘက်သို့ (စိတ် ရင်းစေတနာဖြူစင်စွာဖြင့်) ဦးတည်လှည့်ကြလော့။ (သို့ဖြစ်လျှင်) အရှင်မြတ်သည် သင်တို့အား ကောင်းမြတ်သော စိတ်ပြေဖွယ်ရာလောကီအကျိုးခံစားခွင့်များကို သတ်မှတ်ထားသော သက်တမ်းကာလစေ့သည်အထိ ရယူခံစား စေတော်မူလိမ့်မည်။ ထို့ပြင် (မိုး၊ မြေ၊ မြေပေါ်မြေအောက်သယံဇာတ၊ အရင်းအမြစ်၊ စွမ်းအင်၊ စွမ်းရည်စသော) အရှင့်ရက်ရောသော ကျေးဇူးတော်မှ (အကျင့်သီလကောင်းမွန်ပြီး အရှင့်ကျေနပ်နှစ်မြို့မှုအတွက် နစ်မြုပ်ခြင်း ဖြင့်) ကျေးဇူးတော်အား လက်ခံပိုင်ဆိုင်ထိုက်သူအားလုံးကိုလည်း ချီးမြှင့်ပေးအပ်တော်မူမည်။ သို့သော် အကယ်၍ သင်တို့က (အရှင့်အမိန့်ဗျာဒိတ်တော်များမှ မျက်နှာလွှဲ၍) ရှောင်ပြေးကြလျှင် (သိထားသင့်သည်မှာ) ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် ကြီးကျယ်သော (တမလွန်တရားစီရင်မည့်) နေ့၏ပြစ်ဒဏ်ရှိမည်ကို စိုးရိမ်ပူပင် နေရ၏။