Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 31 — Surah Hud 11:31
ထို့ပြင် ကျွန်ုပ်သည် သင်တို့အား ကျွန်ုပ်ထံ၌ သင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ရတနာသိုက်ရထားသည်ဟူ၍လည်းကောင်း၊ (အနာဂါတ်အဖြစ်အပျက်အပါအဝင်) မျက်ကွယ်ရာကို သိသည်ဟူ၍လည်း ကောင်း၊ ပြောနေခြင်းမဟုတ်၊ ထို့ပြင် ကျွန်ုပ်သည် မလာအီကာစေတမန်တစ်ပါးဟူ၍လည်း ပြောဆိုခြင်းမရှိသည့်အပြင် သင်တို့၏မျက်စိ (အမြင်) ၌ (အထင်သေးစရာဖြစ်လျက် မတူမတန်ဆက်ဆံခြင်းဖြင့်) မထီမဲ့မြင်ပြုခံရသူတို့နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ကောင်းမြတ်မှုများကို ချီမြှင့်ပေးသနားတော်မူမည်မဟုတ် ဟုလည်း မည်သည့်အခါမျှ မပြောဆိုခဲ့ပေ။ အလ္လာဟ်အရှင်မြတ် သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တွင်ရှိသော အရာများ (အား သူတို့က မည်သို့ အသုံးချကြသည်) နှင့်စပ်လျဉ်း၍ အသိဆုံးပင် ဖြစ်တော်မူ၏။ (အကယ်၍ အရှင့်အမိန့်ပညတ်ချက်များနှင့်ဆန့်ကျင်၍ ပြောဆိုပြုမူမိခဲ့သော်) ဧကန်ပင်၊ မဟုတ်မတရား၊ မမှန်မကန်ပြုမူကျင့်ကြံသူတို့အနက်မှ မုချပင် အပါအဝင် ဖြစ်ခဲ့လိမ့်မည်။