Verse 34 — Surah Hud 11:34

ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် (သင်တို့၏မယုံကြည်ဖီဆန်ငြင်းပယ်မှုကြောင့်) သင်တို့အား လမ်းမှားမှု၌ပင် လွှတ်ထားစေရန် ရည်ရွယ်တော်မူလျှင် ကျွန်ုပ်သည် သင်တို့အား အကောင်းဆုံး အ ကြံဉာဏ်ပေးရန် ဆန္ဒပြုလျှင်လည်း ကျွန်ုပ်၏အကြံဉာဏ်ကောင်းသည် သင်တို့ကိုအကျိုးပေးမည် မဟုတ်ချေ။ ထိုအရှင်မြတ်သည် သင်တို့အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်ဖြစ်ပြီး ထိုအရှင့်ထံသို့သာ သင်တို့ကို (ဦးလှည့်စေလျက်) ပြန်ပို့ခြင်းခံရလိမ့်မည်။