Verse 41 — Surah Hud 11:41

(တမန်တော်) နူးဟ်က (သူနှင့်အတူ သင်္ဘောပေါ် လိုက်ပါခွင့်ရသူတို့အား) ထို (သင်္ဘော) ၏လမ်းကြောင်း အတိုင်း ဦးတည်၍ ခရီးနှင်ခြင်းနှင့်ပန်းတိုင်ရောက်၍ ဆိုက်ကပ်ခြင်းတို့ အထမြောက်စေတော်မူရန် အလ္လာဟ်အရှင်မြတ်၏နာမတော် (ဂုဏ်တော်) ဖြင့် ယင်းပေါ်သို့ တက်ကြလော့။ ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (လူသားတို့၏စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်ပြီး ယင်းတို့ကို မတော်တဆ အမှတ်မထင် ကျူးလွန်မိလျှင်လည်း) အမှန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။