Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 45 — Surah Hud 11:45
(တမန်တော်) နူးဟ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား တမ်းတလျက် ဟစ်ခေါ်ပန်ကြားသည်မှာ “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်၏သားသည် ကျွန်ုပ်၏မိသားစုထဲမှပင် ဖြစ်ပြီး အသင် (အရှင်မြတ်) က (ယုံကြည်သူတို့နှင့်စပ်လျဉ်း၍ ထားရှိတော်မူသော) ကတိတော်သည် ဧကန်မလွဲ၊ အမှန်တရားသစ္စာပင်ဖြစ်ပြီး အသင်သည် စီရင်ဆုံးဖြတ်နိုင်စွမ်းရှိသည့် တရားသူကြီးအားလုံးထက် သမာသမတ်အဖြစ်ဆုံး နှင့်အနှိုင်းမဲ့ တရားသူကြီးပင် ဖြစ်တော်မူ၏။”