Verse 47 — Surah Hud 11:47

(တမန်တော်) နူးဟ်က “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်မသိသောအရာအား တောင်းဆိုမိမည်ကို စိုးရိမ်၍ အသင်အရှင်မြတ်ထံ ခိုလှုံပါ၏။ အရှင်မြတ်သာ ကျွန်တော်မျိုးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ကရုဏာသက်တော်မမူလျှင် ကျွန်ုပ်သည် ဆုံးရှုံး သူတို့တွင် အပါအဝင် ဖြစ်သွားပါလိမ့်မည်။” ဟု ဆုမွန်ပန်ကြားခဲ့၏။