Verse 48 — Surah Hud 11:48

အရှင်မြတ်ဖြေကြားတော်မူသည်မှာ “အို၊ နူးဟ်၊ ငါအရှင်မြတ်၏ထံတော်မှ အသင်နှင့်၊ သင့်လူမျိုးအသိုင်း အဝိုင်းအနက်မှ သင်နှင့်အတူရှိကြသူအပေါ် ငြိမ်းချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှု (ချီးမြှင့်တော်မူပြီးဖြစ်၍) ဂုဏ် ကျက်သရေရှိစွာဖြင့် (တောင်ပေါ်မှ) ဆင်းသွားကြလော့။ ထို့ပြင် ငါအရှင်မြတ်သည် (အခြားမယုံကြည် သူတို့၏) လူ့ဘောင်အသိုင်းအဝိုင်းကိုလည်း (လောကီ) အကျိုးခံစားခွင့်များဖြင့် သူတို့အား (သတ်မှတ်ထားသော) ကာလတစ်ခုအထိ ပျော်မွေ့စေတော်မူပြီးနောက် ငါအရှင်မြတ်၏ထံတော်မှဖြစ်သော ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်သည် သူတို့အား ထိတွေ့ဆိုက်ရောက်စေတော်မူလိမ့်မည်။”