Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 49 — Surah Hud 11:49
ဤသည် (အာရုံခံစားအပြင်ဘက်တွင်ရှိပြီး စံနမူနာယူဖွယ်ကောင်း) မျက်ကွယ်ရာ သတင်းအချက်အလက် များအနက်မှ အသင် (တမန်တော်) ထံ ငါအရှင်မြတ်က ဝဟီအမိန့်ထုတ်ပြန်ပို့ချပေးအပ်တော်မူသော အကြောင်းအရာများပင် ဖြစ်၏။ ဤ (ဝဟီအမိန့်တော်ပို့ချခြင်း) မတိုင်မီ သင်နှင့်သင့်လူမျိုးတို့က ထိုအကြောင်း အရာများကို သိခဲ့ကြသည် မဟုတ်ပေ။ ဤသည် (အရှင့်အမိန့်ဗျာဒိတ်တော်များကို လူသားတို့ထံ အရောက်ပို့ချရန် တာဝန် ယူထားသော တမန်တော်တိုင်း နဖူးတွေ့ဒူးတွေ့ ပက်ပင်းကြုံခဲ့ရသည့် အဖြစ်အပျက်ပင် ဖြစ်၏။ တမန်တော်နူးဟ်ကဲ့သို့ပင် အသင်တို့လည်း ရင်ဆိုင်ကြုံတွေ့ရမည်ပင် ဖြစ်၏။ သို့ဖြစ်ပေရာ (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် မယုံကြည်သူ တို့၏တုံ့ပြန်ချက်များအပေါ်) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံကြလော့။ ဧကန်ပင်၊ (ပျော်ရွှင်ဖွယ်ရာ အောင်ပွဲမင်္ဂလာဖြင့် တမလွန်ခရီးပြန်နိုင်မည့်) အပြီးသတ် အကျိုးဆက်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့အတွက်ပင် ဖြစ်၏။