Verse 5 — Surah Hud 11:5

သတိပြုမှတ်သားကြလော့။ (အရှင်မြတ်မှလွဲ၍ အခြားသက်ရှိသက်မဲ့များကို ကိုးကွယ်နေကြသော) သူတို့ သည် ထိုအရှင်မြတ် (၏သက်သေလက္ခဏာတော်များ ခန္ဓာကိုယ်၏အတွင်းအပြင်နှင့်ပတ်ဝန်းကျင်တခွင်၌ ပျံ့နှံ့ ပြန့်ကျဲလျက်ရှိသည်ကို လက်ခံခြင်း) မှ ရှောင်ပြေးဖုံးကွယ်နိုင်ရန် သူတို့၏စိတ်နှလုံး (များရှိ နားလည်နိုင်စွမ်း) ကို ပိတ်လိုက်ကြ၏။ သတိပြုမှတ်သားကြလော့။ သူတို့သည် သူတို့၏အဝတ်အထည်များ (ပမာ ဂုဏ်သိက္ခာကို ထိန်းချုပ်ထားနိုင်သည့် တီထွင်မှုများနှင့်အတွေးအခေါ်ဆိုင်ရာ သီအိုရီများ) ဖြင့် (သူတို့နှင့်သူတို့၏သီအိုရီများအား အရှင့်နိယာမတရားများက လွှမ်းမိုးနေကြောင်းကို မပေါ်လွင်စေရန်) ဖုံးကွယ်ကြသည့် အချိန်ကာလတိုင်းတွင် သူတို့ထိန်ချန်ကွယ်ဝှက်သမျှနှင့် (ဝင့်ကြွားစွာဖြင့်) ထုတ်ဖော်ဖွင့်ဟသမျှတို့ကို အရှင်မြတ် အကြွင်းမဲ့ သိတော်မူနေ၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။