Verse 50 — Surah Hud 11:50

ထို့ပြင် (တမန်တော်) အားဒ် (၏အမျိုးသားများ)ထံသို့ သူတို့၏အစ်ကို (တမန်တော်) ဟူးဒ်ကို စေလွှတ်တော်မူခဲ့ရာ (သူက) အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်အား နာခံကိုးကွယ်ကြလော့။ အရှင်မြတ်မှလွဲ၍ သင်တို့အတွက် (သက်ရှိ၊ သက်မဲ့တို့အနက်မှ ကိုးကွယ်ထိုက်သော) အခြားအရှင်ဟူ၍ အလျှင်း မရှိချေ။ (အရှင့် ဂုဏ်တော်နှင့်ဆန့်ကျင်၍ အခြားအရာများကို ကိုးကွယ်ဆည်းကပ်နေခြင်းဖြင့်) သင်တို့သည် (မှားယွင်းသော ကိုးကွယ်ရာများကို) လုပ်ကြံဖန်တီးနေသူများသာ ဖြစ်ကြ၏။