Verse 51 — Surah Hud 11:51

အို၊ ကျွန်ုပ်လူမျိုးတို့၊ ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ အခကြေးငွေကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ အမှန်မှာ ကျွန်ုပ်၏အကျိုးဆုလဒ်သည် ကျွန်ုပ်၏မူလဇစ်မြစ်ကို (တစ်မူထူးခြားစွာ) ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်အပေါ်၌သာ မူတည်နေ၏။ သို့ပါလျက် အသင်တို့သည် ဆင်ခြင်တုံတရားဖြင့် မတွေး ခေါ်ကြသလော။