Verse 52 — Surah Hud 11:52

အို၊ ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ (သင်တို့ကျူးလွန်မိသော အပြစ်များအတွက်) လွတ်ငြိမ်းခွင့်ကို တောင်းခံပန်ကြားလော့။ ထို့နောက် (နောင်တကြီးစွာဖြင့် ဝန်ချတောင်းပန်လျက် အရှင့်လမ်းစဉ်တော်အတိုင်း လိုက်နာရန်) ထိုအရှင့်ဘက် သို့ ဦးတည်လှည့်ကြလော့။ ထိုအရှင်သည် မိုးကောင်းကင်အား သင်တို့အပေါ် မိုးရေပေါများစွာ ရွာသွန်းစေတော် မူလျက် (အသီးအနှံပေါကြွယ်စေ၍) သင်တို့၏ရှိရင်းစွဲအင်အားကို နောက်ထပ်အင်အားသစ်ဖြင့် ထပ်ဆင့်တိုး တိုးပွားစေတော်မူလိမ့်မည်။ သို့ဖြစ်ပေရာ ရာဇဝတ်မှုကျူးလွန်သူများအဖြစ် (မကောင်းမှုအကုသိုလ်ဘက်သို့) ဦးတည်လှည့် မသွားကြလေနှင့်။