Verse 55 — Surah Hud 11:55

(ကျွန်ုပ်သည်) ထိုအရှင်မှလွဲ၍ (အခြားမည်သည့် သက်ရှိသက်မဲ့ကိုမျှ မကိုးကွယ်နိုင်ကြောင်း အတိအလင်း ကြေညာသောကြောင့်) သင်တို့အားလုံးသည် ကျွန်ုပ်နှင့်ဆန့်ကျင်၍ (ပူးပေါင်းကြံစည်မှုများကို စိတ် ကြိုက်) ကြံစည်ကြပြီးနောက် ကျွန်ုပ်ကိုပင် ရွှေ့ဆိုင်းခွင့် မပေးကြလေနှင့်။