Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 11 - Hud
Translation by Alin U Yin — Permalink
Verse 56 — Surah Hud 11:56
ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်နှင့်သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်ပေါ်၌ ယုံကြည်အားထား၍ ပုံအပ်ခဲ့ပြီ ဖြစ်၏။ (ကမ္ဘာဂြိုဟ်ပေါ်တွင် ရှင်သန်လှုပ်ရှားနေသော) မည်သည့် သက်ရှိသတ္တဝါကမျှ ယင်း၏နဖူးဆံစ) နှင့်စပ်လျဥ်း၍ ထိုအရှင်မြတ်က အရေး ယူတော်မူခြင်းမှအပ လွတ်ကင်းမည် မဟုတ်ပေ။ မုချဧကန်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေမည့် တရားလမ်းမှန်ပေါ်၌ ရှိနေတော်မူ၏။